နေမသာတသာနေ့တနေ့

နေမသာတသာနေ့တနေ့
အားလပ်ရက်မို့ ချယ်ရီနှင့်ကျနော် အပန်းဖြေခရီးထွက်လာခဲ့ကြသည်။
တောင်ပေါ်မြို့လေးရဲ့အလှနဲ့ အအေးဓာတ်က ၂ဦးသားကို ပိုလို့ နှလုံးချင်းထပ်တူကျစေသည်။ မကျလဲ ခံနိုင်ရိုးလား။ အေးတာက ဒီဂရီ ခုဂဏန်းလောက်။ အာ့တော့ နွေးဖို့က တစ်ယောက်နဲ့ တစ်ယောက်ပူးနေကြရတာကလား။
အဲ သူနဲ့ ပူးနေရရင် ပြဿနာက ဘယ်လောက်အေးအေး နည်းနည်းအချိန်ကြာလာရင် ပူလာတာပဲ။ (Hot = အလွန်အမင်းလှပြီး sexyကျလာတယ်လို့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ခြင်းဖြစ်ပါသည်)
အာ့တော့ ဘောင်းဘီလေး အသာဆွဲချပြီး ဒချိဒချိကြတာပေါ့။ ပြီးတော့ ပြန်ချမ်းပြန်ပူးအိပ်ကြနဲ့ သာယာနေကောပဲ။

နေ့လည်လောက်ကျတော့ ဖက်ပြီးနှပ်နေရာကနေ ချယ်ရီက ဆိုင်းမဆင့် ဘုံမဆင့်ထပြောရော။
ကော်ဖီထွက်သောက်ရအောင်တဲ့။ သောက်တာက သောက်လို့ရပါရဲ့။ သည်မြို့မှာ ဘယ်နားဘာဆိုင်ရှိလဲ ကိုယ်တွေက သိမှ မသိဘဲ။ ဟော်တယ်မေးတော့လဲ သိသလိုလို မသိသလိုလို။ အာ့နဲ့ Mapကနေကြည့်တော့ ဆိုင်လေးတစ်ဆိုင်ရှာတွေ့တယ်။ တောင်တက်လေးပေါ်မှာရှိတဲ့ ဆိုင်လေးပဲ။
၁၀မိနစ်လောက်သွားရင် ရောက်တယ်ဆိုတော့ မဆိုးဘူးဆိုပြီး အာ့သွားဖို့ လုပ်ကြရော။
အဝတ်လဲတုန်း မယ်မင်းကြီးမ (အဲ အချစ်ဆုံးလေး)က လုပ်လာပြန်ရော။ ကြိုးပန်းရောင်လေးယူလာပြီး သူတုပ်တာခံချင်တယ်တဲ့။ ကတောက်... ကိုယ်တွေက တစ်ခုခုလုပ်မယ်ဆိုတာနဲ့ သည်ကိစ္စပါပါလာတာကို စိတ်ဆိုးတတ်တာ သိသားနဲ့။ ဒါတို့ကို သက်သက်စမ်းတာ။ တစ်ချက်ပဲ လက်ညှိုးတစ်ချောင်းထောင်ပြီး ဟိုဘက်လှည့်လို့ ပြောပလိုက်တယ်။ ဟုတ်တယ်လေ မဟုတ်ရင် သူခိုင်းတာလုပ်ရတော့မလို ဖြစ်နေပြီကိုး။ မာစတာ့သိက္ခာတော့ ရှိအုန်းမှပေါ့။ (ဟဲ ဟဲ)
အာ့နဲ့ ကြိုးနဲ့ ကိုယ်လုံးကို ပတ်ပြီး ချည်လိုက်တယ်။ နို့သီးခေါင်းလေးတွေကို ကြိုးကြားထဲ ညှပ်လိုက်တယ်။ စူစူလေးဖြစ်နေတာက အသည်းယားစရာ။ ကိုက်ချင်စရာလေး။ ကြိုးတစ်စကို ပေါင်ကြားကနေ အစိလေးကို ခွညှပ်ပြီး ဖင်ကြားကနေ ပြန်ထုတ်လိုက်တယ်။ အာ့အပေါ်ကနေမှ အင်္ကျီနဲ့ ဘောင်းဘီ ပြန်ဝတ်ပေး။ ပြီးတော့ လက်ပြန်လက်ထိပ်ခတ်လိုက်တယ်။ လက်ထိပ်တော့ မဟုတ်ပါဘူး။ ကျနော်တို့ ပုံတင်ဖူးတဲ့ ပန်းရောင် လက်ချုပ်တဲ့ ဟာလေးပါ။ အာ့ကို တပ်ပြီးမှ မယ်မင်းကြီးမလေး( အဲ အသဲတုံးလေး)က ဖိနပ်မဝတ်ရသေးဘူးဆိုတာပြောတယ်။ ဘယ်ရမလဲ ဒါမျိုးဒင်းလုပ်ပေါင်းများပြီ။ အပြင်သွားမယ်ဆို မပြီးနိုင်မစီးနိုင်ပြင်နေကြ။ သည်တစ်ခါတော့ မရဘူး။ ထိုင်လို့ တစ်ခွန်းထဲပြောပြီး ခြေထောက်လေးကို ကိုင် ခြေအိပ်လေးစွပ်ပေးပြီး ဘွတ်ဖိနပ်ကို ကိုယ်တိုင် ဝတ်ပေးပလိုက်တယ်။ သူကတော့ သဘောတွေကျပြီး တဟီးဟီးနဲ့။ သူမို့ သည်လောက်အေးတာကို မချမ်းမစီး သွားဖြဲနိုင်တာ အံ့ပါရဲ့။ နောက်ဆုံးအနေနဲ့ ကိုယ့်အနွေးထည် တစ်ထည်ကို သူ့ကိုခြုံပေးလိုက်တော့ လက်ထိပ်ခတ်ထားတာ ကွယ်ပြီးသားဖြစ်သွားကော။ ကဲ ထွက်ရန် အသင့်။
ထွက်လာတော့ ကိုယ်ကတော့ ခပ်တည်တည်ပါပဲ။
ခုလိုတုပ်လာတာ သူများတွေတွေ့သွားရင် ကိုယ့်ကို ဝိုင်းထိုးခံရကိန်းရှိပေမယ့်လည်း(ကောင်မလေးကို ပြန်ပေးဆွဲလာတယ်ပဲ ထင်ကြမှာကလား) တည်တည်ငြိမ်ငြိမ်နဲ့ ဟော်တယ်Receptionကနေ ကားသော့ယူလိုက်တယ်။ ဘေးကနေ ကျနော့်လက်အောက်ရှိနေတဲ့ ချယ်ရီ့ပုခုံးလေးကို သာသာလေးညှစ်ပြီး အားပေးလိုက်သေးတယ်။ သူကတော့ ရှက်နေတယ်ထင်ပါ့ ကိုယ့်ကျောနောက်မှာ ကပ်ပုံးနေတယ်။ lobby ကိုဖြတ်ပြီး သွားတဲ့လမ်းမှာတော့ လူတစ်ယောက်စ၂ယောက်စကလွဲလို့ မရှိဘူးဆိုတော့ အေးဆေးပဲပေါ့။
အဲ ကားနားရောက်တော့ သူ့ကို ကားတံခါးဖွင့်ပေး၊ ကားပေါ်ကို အသာလေးဖေးပြီး တင်ပေးရတယ်။ လက်နောက်ပစ်ပြီး ကားပေါ်တက်ရမလွယ်ဘူးဗျ။ မယုံစမ်းကြည့်။
ကားပေါ်ရောက်တော့ သူ့ကို ခါးပတ်ပတ်ပေး။ အပေါ်အနွေးထည်က ဇစ်မတပ်ထားတော့ ရင်ဘတ်က ပွင့်လာကော။ အတွင်းခံ မဝတ်ထားဘဲ နို့သီးခေါင်းလေးကို ထောင်နေအောင် ကြိုးနဲ့ ချည်ထားတော့ ရှပ်အကျီပါးပါးပေါ်ကနေ သူ့ချိုချိုလေးကို မင်နေရကော။ ကိုယ်လဲ စိတ်မထိန်းနိုင်တာနဲ့ အကျီပေါ်ကနေ သွားဖိလိုက်တယ်။ သူ ပုခုံးလေးကျုံ့ပြီး 'အ'ခနဲ အသံထွက်လာတယ်။ မျက်လုံးများကတော့ ကျေနပ်သာယာတဲ့ အရည်တွေ ရွှမ်းလို့။ GPS လေးဖွင့် ဆိုင်သို့ချီတက်ပေါ့။ အာ့မှာ ဖုန်းက ပြချင်ရာတွေပြတော့တာပါပဲ။ မြို့လည်ခေါင်မှာ လမ်းပျောက်တာပေါ့။
"သည်ဘက်မဟုတ်ဘူးထင်တယ်။ ခုဏတုန်းက ကွေ့တဲ့ဘက် မှားသွားတယ်ထင်တယ်။ ပြန်လှည့်တာကောင်းမယ်။"
"မမှားပါဘူးကိုရဲ့။ သည်ဘက်ကဆက်သွားရင်ရောက်ပီ။"
"ဟာ သည်မှာပြတာက ပြန်ကွေ့ရမှာ လမ်းမှားနေပြီကို"
"ဆက်သွားကြည့်ပါအုန်း။ ချယ်သိပါတယ် လမ်းကို။ သည်က ဆက်သွားရင် ခုနက ဟိုတယ်ဘက် ပြန်လှည့်သွားမှာပေါ့"
"မဟုတ်ဘူးးးထင်တယ်.......-×´#/÷*-"
"......"
"......"
"ကဲ ချယ်ပဲ ကြည့်ပေးမယ် ဖုန်းပေး၊လက်က ခဏပြန်ဖြုတ်လိုက်အုန်းမယ်နော်" ပြောလဲပြော လက်ကိုလဲ မည်သိ့ မည်ပုံ လုပ်လိုက်သည်မသိ လက်၂ဖက်က ရှေ့ရောက်လာကော။ သည်ကောင်မလေး အရင်က လူဆိုးများလားမသိ။ အတုပ်အနှောင်က ရုန်းတာတော့ အတော်တော်သည်။
"အင်း လမ်းမှားရင်တော့ ရိုက်ခံရမယ် ညည်းလေး"
"ယုံစမ်းပါ ချယ့်ကို"
ဘယ်ကွေ့ညာကွေ့နဲ့ အတိုချုပ်ပြောရရင် ဆိုင်ကိုလမ်းညွှန်ထားတဲ့ ဆိုင်းဘုတ်လေးဆီရောက်ပါရော။ လမ်းမှန်ပြန်ရောက်တော့ ကားလမ်းဘေးချ၊ လက်ကို ပြန်တုပ်၊ ကားဆက်မောင်းပေါ့။
အဲ တစ်ဖက်ကလည်း သူ့ချိုချိုလေးကို လက်နဲ့ သွားသွားကိုင် တစ်ဖက်လမ်းက ကားတွေဖြတ်သွားရင် တွေ့သွားမလားတော့ မသိဘူး။ ကိုယ်တွေ စိတ်ပါလာတာတော့ သိတယ်။ သည်အကြောင်းကြိုသိလို့ ကိုယ်လဲအတွင်းခံမဝတ်ဘဲ ဘောင်းဘီ ခပ်ပွပွ ဝတ်ခဲ့မိလို့သာပေါ့။ (ဒါလဲ ကြိုစဉ်းစားထားသင့်တယ်နော)
ဆိုင်ရောက်တော့ ကားရပ်။ သူ့ဘက်ကိုသွား တံခါးဖွင့်ပေး၊ အသာလေးဖေးပြီး ဆင်းခိုင်း။ ပုခုံးဖက်ပြီး ဆိုင်ထဲ ဝင်သွားတာပေါ့။ ဆိုင်က ခပ်သေးသေးပဲ။ အထဲရောက်တော့ လူ ၆ယောက်လောက် အောက်ထပ်မှာ ထိုင်နေတယ်။ သူတို့ရှေ့မှာ မြင်သွားမှာကလဲ ကြောက်ရသေးတယ်။ ချယ်ရီကတော့ အကျီဟပြဲကနေ မြင်သွားမှာ စိုးလို့ထင်ပ ကျနော့်ကျောနောက်မှာ ကပ်လို့။ ကော်ဖီ၂ခွက်မှာပြီးအပေါ်ထပ်ဆက်တက်လာတော့ လူရှင်းလို့ ၂ယောက်ထဲရှိတယ်။ အပြင်ဘက် အစွံစားပွဲလေးမှာ ၂ယောက်ထိုက်ရင်း စကားပြောပေါ့။ ကော်ဖီက နည်းနည်းကြာတော့ ချိုချိုလေးကို ကိုင်ရင်း ကလိနေလိုက်တာ ကိုယ့်ဟာတော့ တော်တော်ထောင်လာတယ်။ သူလဲ ကိုယ့်လိုပဲ ထင်ပ။
"ချယ် နေရတာ အဆင်ပြေရဲ့လား"
"အင်း"
ကြိုး အရမ်းကြပ်နေလား"
"ဟင့်အင်း မကြပ်ပါဘူး ကိုရဲ့"
ကိုယ်လဲ စိတ်မထိန်းနိုင်ဘဲ ချိုချိုလေးကို လက်နဲ့ အားပါပါညှစ်ပလိုက်တယ်။
"အ"ခနဲ အော်ပြီး အသံကို ပြန်ထိန်းသွားတယ်။ အောက်ကလူတွေ ကြားကုန်မှာ စိုးလို့ဖြစ်မယ်။ ကိုယ်တွေရဲ့ Sadistပိုင်းက အာ့မှာ နိုးကြွလာတယ် ပြောရမယ်။ သူ့ရဲ့ ပေါင်ကြားကို အသာကိုင်ရင်း ပေါင်၂လုံးကြားကို လက်အသာထည့်လိုက်တယ်။ သူပေါင်လေးအသာဟလာတော့ လက်နဲ့ ပွတ်ဆွဲလိုက်တော့ ပိုလို့ ဟသွားတဲ့အခါကျမှ ပေါင်ရင်းကို လိမ်ဆွဲလိုက်တယ်။ ငယ်ငယ်တုန်းက ပေါင်တွင်းကြောဆွဲလိမ်သလိုပါပဲ။ အပေါ်တော့ တော်တော်ရောက်တာပေါ့။ ပိပိတောင် ပါလာလား မသိဘူး။ သူလဲ နာတော့ ကျနော့်ပေါ်အတင်းတို့ဝင်လာပါလေရော။ ပါးစပ်ကလဲ ထိန်းမထားနိုင်တော့ပဲ အားကနဲ အော်ပါလေရော။ မကျယ်တကျယ်ပေါ့။ အာ့အချိန်မှာပဲ ဆိုင်ရှင်က ကော်ဖီ၂ခွက်ကိုင်ပြီး ကိုယ်တွေရှေ့ရောက်လာပါလေရော။ ချယ်ရီ့ခမျာနာတာကလဲ မပျောက်သေးဘူးထင်ပါရဲ့။ ရှက်တာကော ပေါင်းပြီး ကျနော့်ပုခုံးပေါ် ခေါင်းအတင်းတိုးလာပြီး မျက်နာကို အတင်းကွယ်ထားပါလေရော။ ဆိုင်ရှင်လဲ ဘာတွေ့တယ်မသိဘူး။ ရှက်ရှက်နဲ့ ပြေးဖို့ ပြင်တာပဲ။ ကိုယ်ကတော့ ခပ်တည်တည်လုပ်ပြီး ဘာစားစရာရရလဲ ဘာလေးမေးနေသေးတော့ သူပြန်မရဘဲ ကိုယ့်ကို ပြန်ဖြေနေရတယ်။
ချယ်ရီမျက်နာပေါ်က ဆံပင်တွေကို အသာသပ်ပေးရင်း "ရှက်သွားလား ကလေး"လို့ မေးလိုက်တော့ ရှက်တာပေါ့တဲ့။ မျက်နာလေးကို နီလို့။ ဟီး ကိုလဲ သူ့ကို သနားသွားတာနဲ့ ဆိုင်ထဲမှာ Blow Job လုပ်ခိုင်းမို့ကိုတောင် မလုပ်ခိုင်းတော့ဘူး။ ပေါင်လေးကို သာသာလေးပြန်ပွတ်ပေးပြီး အနာသက်သာအောင် လုပ်ပေးရတာပေါ့။ နောက်လာချတဲ့ ကော်ဖီလေးသောက်။ သူ့ကို ကော်ဖီလေးတိုက်။ သူတို့ကော်ဖီကအတော်ခါးတော့ မယ်မင်းကြီးမလေး(အဲ ကို့ကလေးလေး)အတွက် ပြင်ဖျော်ပေးနေရတာနဲ့တင် အတော်ကြာတယ်။ ပူမှာစိုးတော့ အရင်သောက်ကြည့်။ မပူတော့မှ သူ့ကိုတိုက်။ အမယ် အာ့လို တိုက်ရတာလဲ မလွယ်ဘူးသိလား။ ကိုယ့်လူတို့ ကြိုလေ့ကျင့်ထားသင့်တယ်။ ခဏခဏ ပေတယ်။ ပေသွားရင် tissue လေးနဲ့ ပြန်သုတ်ပေးရတယ်။ ပါးလေးနမ်းလိုက် ချိုချိုလေးကိုင်လိုက်နဲ့ ဟုတ်နေတာ။ ကော်ဖီလေးက အရသာမဆိုးဘူးဗျ။ ချယ်ရီနဲ့ တူတူသောက်ရတာကြောင့်လည်းပါမှာပေါ့ဗျာ။ (ဟီး ဖားထားရတယ်။ သည်အကြောင်းကို မရေးဖို့ပြောထားတာ ရှက်လို့တဲ့။ ခုတော့ ရေးလိုက်ပီ) အာ့နဲ့ မုန့်လေးဘာလေးစားကြည့်ရင်ကောင်းမယ်ပေါ့။ ပထမတော့ ကိုယ့်ဘာသာကို သွားမှာမလို့ပဲ။ နောက်မှ အကြံရပြီး "ချယ် ကို မုန့်စားချင်တယ်။ မုန့်မှာပေးလို့ ပြောလိုက်တယ်။ အာ့မှာ သူက "ဟာ ကိုကိုသွားမှာပါလားတဲ့။ ချယ်ရှက်တယ်" လုပ်ကော။ ကိုတွေကလဲ အာ့လို ရှက်နေတာလေး မြင်ချင်တာကိုး။ ခုဏတုန်းက သူ့မျက်နာလေးနီနေတာ တယ် ချစ်ဖို့ကောင်းတာကိုး။ သွားဝယ်ဖို့ ချော့ပြောရတာပေါ့။ 
"သွားမှာပေးပါ ချယ်ရဲ့။ ကို စားချင်တာကြီးကို"
"ကို မှာပါ့လား"
"အင် မာစတာ ခိုင်းတာကို မလုပ်ဘူးပေါ့လေ"
"အာ ကို စိတ်ပုပ်တယ်"
"မမှာပေးရင် ထပ်ဆိတ်ဆွဲမှာနော်"
အာ့တော့ သူကြောက်သွားပီလေ။ အာ့တော့ ဇောင့်ဇောင့်နဲ့ လက်လေးနောက်ပစ်ထွက်သွားတယ်။ လူလည်ကျပြီး အောက်ထိ မဆင်းပဲ လှေကားပေါ်ကနေ ဆိုင်ရှင်ကိုတွေ့လိုက်တော့ လှမ်းမှာလိုက်တယ်။ မုန့််ရောက်လာတော့ ကိတ်မုန့်ကို သူ့အတွက် သေချာ ခွံ့ကျွေး။ ကော်ဖီသေချာတိုက်။ ဆံပင်လေး သပ်ပေးလိုက်နဲ့ သာယာနေတာ။ သူ့အတွက် အာ့လို အရာရာလိုက်လုပ်ပေးရတာလေးကိုက ရတနာပီတိ ဂွမ်းဆီထိသကဲ့သို့ အိတိတိလေးနေတာဗျ။ ခွံ့ကျွေးလို့ ပေသွားရင် ပါးစပ်လေးကို သုတ်ပေးလိုက်။ ကော်ဖီလေးမှုတ်တိုက်လိုက်။ ဆံပင်လေး သပ်တင်ပေးလိုက်နဲ့ ကလေးများ ကျွေးသလို ကျွေးရတာပေါ့ဗျာ။ အဲ စားပြီး သောက်ပြီးတော့ သူ့လက်မောင်းလေးကို ကိုင်ပြီး လှေကားကို ထိန်းဆင်းပေးပြီး ရှက်နေတဲ့ ဆိုင်ရှင်ကို နှုတ်ဆက် ပြန်လာခဲ့ကြတာပေါ့ဗျာ။
အဲ ဆောင်းပါးရေးနေကြဆိုတော့ ဇာတ်လမ်းရေးရုံနဲ့တင် အားမရလို့ နောက်ဆက်တွဲ ဆက်ရေးပါတယ်။ သည်အပေါ်ကရေးခဲ့တဲ့ အဖြစ်အပျက်လေးမှာ ကျနော်ပြချင်တာက ကျနော်သူ့ကို နှိပ်စက်(အသားနာအောင် လုပ်)ပေမယ့် ချစ်တာတော့ မပျက်ပါဘူး။ တစ်စက္ကန့်လေးမျှပေါ့။ အဲ အာ့လို လုပ်နေတုန်းမှာလဲ ကြင်နာတာ ယုယတာတွေလဲ ရှိနေတာပါပဲ။ သည်ဟာကို ချယ်ရီကလဲ သိပါတယ်။ ကျနော် နားလည်တဲ့ ဖြစ်ချင်ရချင်တဲ့ BDSM ဆိုတာ သည်လိုမျိုးဖြစ်ပါတယ်။ သည့်ထက်ပိုပြီး နူးညံ့တာတွေ ရှိသလို သည့်ထက်ပိုပြီး KINKY ဖြစ်တာတွေလဲ ရှိပါတယ်။ ဘယ်ဘက်ပဲ ယိမ်းယိမ်း ကိုယ့်အဖော်အပေါ်ကို ဘေးကင်းအောင် ဂရုစိုက်ကြပါလို့။




ကိုဒက်ဆီမှမလာသည်။
V Day အထိမ်းအမှတ်ပိုစ့်

Comments

Popular posts from this blog

စာအုပ်များ (29.1.2017)

ရှားပါရတနာ Spanking အတိုအထွာ