Posts

Showing posts from March, 2017

ဆရာမလေးများ

အပိုင်း(၁) ကားမှတ်တိုင်ရှိရာသို့ လူကျပ်နေသော ဘက်စ်ကားတစ်စီး ထိုစိုက်လာသည်။ ကားရပ်သည်နှင့် ဆရာမလေး မြလေးရုံတစ်ယောက် ကားပေါ်မှ အမြန်ဆင်းလိုက်သည်။ ထို့နောက်အိပ်ရှိရာသို့ လမ်းလျှောက်ပြန်ခဲ့သည်။ ရပ်ကွက် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်တော့ လှပသော ခန္ဓာကိုယ်လေးကို ယောက်ျားသားတွေရဲ့ မျက်စိအစာကျွေးခြင်းခံရသည်။ ဒါတင်မက ခပ်ကြောင်ကြောင် ချာတိတ်တယောက်က တောက်တဲ့လို ကပ်ပါလာပြန်သည်။ အိမ်ရှေ့ရောက်တော့ သူမ၏သူငယ်ချင်း မြူနှင်းဝေက ထွက်စောင့်နေသည်။ ကပ်ပါလာသော ချာတိတ်လဲ မြူနှင်းဝေကိုတွေ့မှ ပြန်လှည့်သွားသည်။ သူမတို့အိမ်က ရပ်ကွက်အစွန်ကျ၍ သီးသန့်ဆန်သည်။ ခြံကျယ်ကြီးထဲမှာ ခိုင်ခံ့သော နှစ်ထပ်အိမ်ကြီးဆောက်ထားသည်။ ဒါတင်မက ခြံထဲတွင်လဲ သစ်ပင်တွေ အများကြီး ပေါက်နေပြန်သေးသည်။ ကိုယ်ရံတော်တွေ ပါတွေနဲ့ပါလား မိရုံ ကဂျောင်တွေပါဟာ အာရုံလိုက်နောက်နေတာ။ ကဲပါ ရေးချိုးထမင်းစားပြီး နားရအောင်။ အင်း သူမ မြူနှင်းကိုခေါင်းငြိမ့်ပြလိုက်သည်။ နားချင်ပြီလေ။